ကျေးလက်ပြည်သူများထံ ဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၂၀.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ခမောက်စုအုပ်စု၊ ဘိုးဿညိုရိုးရွာရှိ အိမ်ထောင်စု များအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် လက်လီဆိုင်များမှ ရောင်းချမှုရှိ/ မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/ မရှိ လစဉ်ဆီရရှိမှုအကြိမ်ရေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ကျေးရွာ/ ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု နှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်း၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ် ရောက်ရှိခြင်း စစ်ဆေးခဲ့ပြီး၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း၊ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ပြည်သူများထံ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA (ဧရာဝတီ)