
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၂ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် ပြည်တွင်းဆန်ဖူလုံရေးနှင့် ဆန်စပါး ဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက တိုင်း/ခရိုင်/မြို့နယ်အလိုက် My RO မှတ်ပုံတင်ထားရှိမှု၊ တိုးတက်မှုအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်က My RO မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသော ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်အသင်း၊ ဆန် ကုန်သည်များအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများက Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်းဆန်ဖူလုံရေးနှင့် ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေးအတွက် အထွေထွေဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)