ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ Community Center ခန်းမတွင် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦး ဆောင်ကျင်းပ သော ခရိုင်စိုက်တိုးမြှင့်အဖွဲ့နှင့်အတူ  ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး Community Center ခန်းမတွင်(၂.၉.၂၀၂)နေ့နံနက်(၁၀:၀၀)နာရီ မှ(၁၂:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားကို ခရိုင်စိုက်တိုးမြှင့် ဥက္ဥဌမှ ငါးလုပ်ငန်းမွေးမြူရေး အကြောင်းကို အဖွင့်အမှာစကားပြောကြားပြီးနောက် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သမရိုးကျ မွေးမြူမှုမှသည် နည်းစနစ်ကျအရည်အသွေးကောင်း ငါးမွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်လာရေးနှင့် ပြည်တွင်းဈေး ကွက်မှသည် နိုင်ငံခြားဈေးကွက်ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်မှု အလားအလာ ကောင်းများကို အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းဟောပြောခဲ့ပါသည်။

            ဆက်လက်၍ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ မအူပင်မြို့နယ် ငါးလုပ်ငန်းရှင် ဦးမြစိုး နှင့်ငါးရှဉ့်လုပ်ငန်းရှင် ဦးအောင်ကျော်သူတို့မှ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်အခြေ အနေများကိုတင်ပြပြီး မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါ်အေးအေးမင်းက ဌာန၏ဆောင်ရွက်မှု နည်းပညာပေးနိုင်မှုကို ငါးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ငါးရှဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင် စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ပြီး အခြားသိလိုသော အကြောင်းအရာများကို အကျယ်တဝင့်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)