ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ဖျာပုံခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များအား စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်း (၈:၀၀)နာရီအချိန်တွင် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။
          တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် နှင့်အတူ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ကော်မတီ ဝင်များ၊  ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီများ နှင့်ဌာနဆိုင်ရာများတက်ရောက်ကြပြီး ရှေးဦးစွာဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့အနေဖြင့်စာရင်းကောက်ယူရေးလုပ်ငန်းများကို အလေး ထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသက်(၁၈)နှစ်ပြည့်မှီပြီးသူတိုင်း မဲပေးခွင့် မဆုံးရှုံး စေရေးတို့အပြင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များအနေဖြင့် လူဦးရေစာရင်းနှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်အလေး ထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

(Doca ဧရာဝတီ)