စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင် ဝန်ထမ်းများအား ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မူဝါဒများချမှတ်နိုင်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ရှေ့ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းများအပေါ် လိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍   ၂၄-၉-၂၀၂၅ ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့် စားသုံးဆီဖြန့်ဖြူးရောင်း ချမှုကြီးကြပ်ရေး ကော်မတီ ဥက္ကဌ၊ စီးပွားရေး ရာဝန်ကြီးမှ ညွှန်ကြားချက်အား  စားအုန်း ဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင် (ဌာနပေါင်းစုံ)မှ အရာထမ်း၊ အမှုထမ်း(၂၆)ဦး နှင့် ဝန်ထမ်းများအား တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

                တိုင်းဒေသကြီးဦးစီးမှူးက ဆွေးနွေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှတာဝန် ပေးအပ်ထားသည့် ဈေးကားကြီးကြပ်ရေးအဖွဲ့များက သတ်မှတ်ထာသည့် အရေအတွက်အတိုင်း မှန်ကန်စွာရောင်းချရန်၊ ဈေးနှုန်းမှန်မှန်ကန်ကန် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊  ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ပေးထားသည့် ဒေသရည်ညွှန်း ဈေးနှုန်းအတိုင်းရောင်းချရန်၊ အလေးထား ဆောင်ရွက်စေလိုကြောင်း၊ မုံရွာမြို့ပေါ်ရှိ (၃၁)ရပ်ကွက်မှ ပြည်သူများလက်ဝယ်ထံသို့ အမှန် တကယ်ရောက်ရှိစေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဈေးကားကြီးကြပ်သည့်အဖွဲ့ဝင်များက နေ့စဉ် ရောင်းချသည့် ရပ်ကွက်၊ လမ်း၊ အိမ်ထောင်စုအရေအတွက် တိတိကျကျဖော်ပြပေးရန်၊ စားအုန်းဆီများဖြန့်ဖြူး ရောင်းချမှုများအား ကြီးကြပ်ရာတွင် အခက်အခဲများရှိပါက လုံခြုံရေးအဖွဲ့အား အကူအညီ တောင်းခံနိုင်ပါကြောင်း၊ မုံရွာမြို့ပေါ်တွင် ရောင်းချလျက်ရှိသော စားသုံးဆီ လက်လီ၊ လက်ကား ဆိုင်များကိုကြီးကြပ်စစ်ဆေးရာတွင်လည်း  မှန်(၆)မှန်ဖြင့် စစ်ဆေးရန်နှင့် ရပ်ကွက်အလိုက် စားသုံးဆီအရောင်း ဆိုင်များကို စာအုပ်စနစ်ဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများက ဆွေးနွေး လိုသည်များရှိပါက ဆွေးနွေးပေးစေ လိုကြောင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများမှလည်း သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများဖြင့် ရောင်းချမှု ရှိစေရေး၊ သတ်မှတ်ထားသည့် အရေအတွက် အတိုင်း တိကျမှန်ကန်စွာ ရောင်းချစေရေး၊ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးကြပြီး အစည်းအဝေးကို (၁၆:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)