
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်ရာတွင် တိုင်ကြားခံရသည့် ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင်အား ချမ်းမြသာစည် မြို့နယ် တရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၂၀ ကို ကျူးလွန်ကြောင်းနှင့်စွဲချက်ရှိသည်ကို ထုချေ ရှင်းလင်းရန် စစ်ဆေးဆဲအမှုဖြစ်သည်ကို စိစစ်တွေ့ရှိရပါသည်။ စားသုံးသူ ကာကွယ်ရေးနည်းဥပဒေ များ နည်းဥပဒေ ၈၀(င)အရ တရားရုံး တစ်ခုခု၏ရှေ့မှောက်၌ စစ်ဆေးကြားနာဆဲအမှုနှင့် တရားရုံး တစ်ခုခု၏ စီရင်ဆုံးဖြတ်ချက်အပေါ် အယူခံသို့မဟုတ် ပြင်ဆင်မှုဝင်ရောက်ဆဲအမှုများအပေါ် ဖြေရှင်း ဆောင်ရွက်ခြင်းမပြုရဟု ပြဌာန်းထားကြောင်း ဖော်ပြပါရှိသည့်အတွက် တိုင်ကြားမှုကို ဖြေရှင်း ဆောင်ရွက်ပေး၍မရပါကြောင်း တိုင်ကြားသူသို့ ဆက်သွယ်ရှင်းပြခဲ့ပြီး တိုင်ကြားမှုကို ဆက်စပ် ဥပဒေများနှင့်အညီ ဖြေရှင်းစေခြင်းဖြင့် ပိတ်သိမ်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။