
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၄.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့်ပူးပေါင်း၍ မကွေးမြို့၊ ဆည်မြောင်းဈေး တွင်ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ပဲပြား(S)၊ အမဲသွေး၊ ဝက်အူချောင်း၊ မုန့်ဟင်းခါးဖက်၊ ဂျုံကြာဇံခြောက်၊ ဆန်ကြာဇံခြောက်၊ ဘူးချဉ်၊ ပဲသွေးတို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ Mobile Lab Van ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အဆိုပါစျေးအတွင်း ချက်ချင်းစစ်ဆေးခဲ့ရာ ပဲသွေးတွင် ခွင့်မပြု တာရှည်ခံဆေးများ သုံးစွဲထားကြောင်း တွေ့ရှိခဲ့ပါ၍ အဖွဲ့ဝင်များရှေ့မှောက်တွင် ပဲသွေးအား ချက်ချင်းဖျက်ဆီးခဲ့ပြီး Mobile Lab Van ဖြင့် စစ်ဆေးနိုင်ခြင်းမရှိသည့် ငပိနှင့် အရောင်တင်မှုန့်တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)သို့ ပေးပို့ဆောင်ရွက်လျက်ရှိပြီး စားသုံးရန်မသင့်ကြောင်း စစ်ဆေး တွေ့ရှိပါက ထုတ်လုပ်သူလုပ်ငန်းရှင် များအား ဥပဒေအညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
