
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး သရက်/အောင်လံခရိုင် တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၄.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများ ရောင်းချမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ရောင်းချနေသော ကုန်စည်များ တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ဖော်ပြချက်များနှင့် ပြည့်စုံစွာဖော်ပြပါရှိပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)တို့နှင့်အညီ ကိုက်ညီသည့် ကုန်စည်များကိုသာ ရောင်းချနေ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(မကွေး)
