သရက်မြို့၌ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ နှင့်ပူးပေါင်း၍ (၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၁၅)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများ တွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာများကို တိုက်ဆိုင်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချလျက်ရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ရှင်များအား ကုန်စည် အတုနှင့် အစစ်တို့အားခွဲခြားနိုင်ရေး၊ ကုန်စည်အစစ်တွင်ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ် အသားများနှင့် ကုန်စည်အတုတွင် ဖော်ပြ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ခွဲခြားတတ်စေရန် အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)