ချောက်မြို့၊ အမှတ်(၂)၊အခြေခံပညာအထက်တန်းကျောင်း၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အစားအစာများ ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၆.၉.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းနွမ်ခမ်းခေါင်က “လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာများ” ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးရန်မသင့်သောအစားအစာများအကြောင်းကိုလည်း ကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သိမ့်ဝါက“ဘာကြောင့် စာဖတ်ဖို့ လိုတာလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ များ” ကိုလည်း ကောင်း အသီးသီးဟောပြောခဲ့ပြီး အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အထက(၂) ကျောင်းအတွင်း ရောင်းချသော မုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/မရှိ  စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

DOCA(မကွေး)