ချောက်မြို့နယ်၌ လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၂၆.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ချောက်မြို့ရှိ Global Five Stars Trading Co.,Ltd သို့ သွားရောက်၍ လုပ်ငန်းအမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

      ကုန်သွယ်ရေးဦးစီးဌာနတွင် ၂၀၂၅-ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် အသစ် လျှောက်ထားလာသော မြန်မာကုမ္ပဏီ (၁၁၄)ခုအနက် ကုမ္ပဏီ (၁၀)ခုတို့၏ ကုမ္ပဏီတည် ထောင်ထားမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားလာမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားလာသော ချောက်မြို့ရှိ Global Five Stars Trading Co.,Ltd တည်ထောင်ထားမှုနှင့်ပတ်သက်၍ မိုးကာနှင့် ဆိုင်ကယ်အပိုပစ္စည်းများ တင်သွင်းရောင်း ချနေခြင်းကို အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိ၊ သတ်မှတ်ပုံစံအတိုင်း စနစ်တကျမြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)