
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဝတ်မှုံအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၄-၉-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနှင့် ဘုရားငါးဆူ ကျေးရွာရှိ ဆေးဆိုင် ၅ ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဆေးဝါးရောင်းချခွင့်လိုင်စင် လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆေးဝါးများ ထားရှိမှုအား လည်းကောင်း၊ သက်တမ်းလွန် ဆေးဝါများ ရှိ/မရှိအား လည်းကောင်း၊ သက်တမ်းလွန် ဆေးဝါများရှိပါက ဖျက်ဆီးခွင့်မပြုကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးသို့ လာရောက်အပ်နှံပေးရန်၊ အောက်လိုင်းဆေးများ ရောင်းချခြင်း မပြုရန်၊ ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
