ဆိပ်ဖြူ ကြက်သွန်နီ စက်တင်ဘာလ(စတုတ္ထ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု အခြေအနေ

Powered by Drupal

       ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ စက်တင်ဘာလ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ(၂၂)ရက် မှ (၃၀)ရက်ထိ ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီ ပိဿာ(၅) သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၂၈၀၀)ကျပ် မှ (၂၅၇၅)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံး ဈေးနှုန်းမှာ (၂၃၅၀)ကျပ် မှ (၂၀၅၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်()ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၃၁၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု()ပတ် အမြင့်ဆုံး ဈေးမှာ (၂၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်()ပတ်ထက် (၃၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ ယခင်()ပတ်က (၂၇၅၀)ကျပ်၊ ယခု ()ပတ် (၂၃၅၀)ကျပ် ဈေးနှုန်းဖြစ်၍ ယခင်()ပတ်ထက် (၄၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းသွား ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့်မြဝတီမြို့သို့ ကုန်ချိန် အများဆုံး တင်ပို့လျက်ရှိကြောင်း၊ စက်တင်ဘာလ(ဒုတိယ)()ပတ်အတွင်းတွင် ကြက်သွန်နီဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာ လျက်ရှိကြောင်း၊ ပြည်တွင်းကြက်သွန်နီ ကုန်ချိန်လက်ကျန် နည်းနေချိန်တွင် ဈေးနှုန်းဆက်လက်မြင့် တက်မည်ဟု ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သော လုပ်ငန်းရှင်များမှ မျှော်မှန်းထားသော်လည်း ဈေးနှုန်းမှာ မြင့်တက်ခြင်းမရှိဘဲ တဖြည်းဖြည်း ကျဆင်းသွားကြောင်း၊ ဈေးနှုန်းကျဆင်းသွားရခြင်း မှာ(ပြည်ပ)တရုတ်နိုင်ငံမှ ကြက်သွန်နီများ ပြည်တွင်းသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းကျဆင်းသွားကြောင်း၊ ကုန်စည်ဒိုင်အသင်းဝင်ကုန်သည်ပွဲစားတစ်ဦးထံမှ သိရှိရသည်။

     ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်()ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၃၁၀၀/၃၀၀၀)၊ လတ်(ကြီး) ကျပ်(၂၉၀၀/၂၈၀၀)၊ လတ်(သေး) ကျပ်(၂၇၀၀/၂၆၀၀)၊ ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် စက်တင်ဘာလ(စတုတ္ထ)ပတ် အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မော်လမြိုင်မြို့၊  မြဝတီမြို့များသို့  (/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီ ပျှမ်းမျှ()သိန်း၊ တန်ချိန်()သောင်းခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)