“ မြစ်သားမြို့ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များသို့ ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

       ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၂၃)ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြစ်သားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပါသည် ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် စိုက်ပျိုးရေးလုပ်ငန်းများ နှင့် တောင်သူလက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် စီမံကိန်းများနှင့် မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာ များအား ပြင်ပရည်ညွှန်းဈေးနှုန်းဖြစ်သည့် ယူရီးယား(အလုံးကြီး) ၅၀ ကီလိုတစ်အိတ် (၁၁၉၉၀၀/-) ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ် (၁၅၃၀၀၀/-)ကျပ် ဖြင့် သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/မမှန်၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

DOCA(မန္တလေး)