
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့ သည် (၂၉.၉.၂၀၂၅)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် လှိုင်မြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Southeastasianet technologies myanmar Co.,Ltd ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းအား ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း(သို့မဟုတ်)ဝန်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့် ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့်ဆောင်ရွက်မှုကို ခေါ်ဆိုတာဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ် ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအပေါ် အာမခံချက်ပေးထားသည့်ကာလအတိုင်း ဝန်ဆောင်မှုပေးရန် ပျက်ကွက် လျှင် ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန် အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှု ကို မရခဲ့လျှင် စားသုံးသူ၏ နစ်နာမှု အတွက် ကုစားခွင့်ပေးရန် စားသုံးသူမှ တောင်းဆိုပိုင်ခွင့် ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
