
စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာ ရေးနှင့်ညီညွတ် သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှ တင်သွင်း လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ(သဲကွင်း)ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားဈေးဆိပ် ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းသို့ (၂၆.၉.၂၀၂၅)ရက်နေ့တွင် MT RM-2 သင်္ဘောဖြင့် ROS ဆီကန်သို့ (၁၉၀၁.၄၉၃)တန် ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။
