Covid -19 ချေးငွေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌‌ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သော Covid-19 ချေးငွေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာနမှ တက် ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တက်ရောက်လာကြသော အဖွဲ့ဝင်များမှ ဆွေးနွေးခြင်းများ‌ ဆောင် ရွက်ခဲ့ကြပြီး အစည်းအဝေးအား (၁၁း၃၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)