
(၃၀.၉.၂၀၂၅) ရက်၊ နံနက်(၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ဖြင့် အခွန်လွတ် သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ဆီ၊ ကြက်ဥ၊ အသား/ငါးတို့ကို ကျိုက်လတ်မြို့ (၇) လမ်းတွင် ပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးကြောင်း သိရှိရပါသည်။
အဆိုပါ ရောင်းချပေးသော ဆန်မှာ ဧည့်မထဆန်(၁) ပြည်လျှင် (၂၅၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၇၂၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၇၀) ကျပ်ဖြင့် လူတစ်ဦးလျှင် ဆန်(၁) ပြည်၊ ဆီ(၅၀) သား ၊ ကြက်ဥ (၁၀) လုံး ရောင်းချပေးလျက်ရှိပါသည်။ဆန်စုစုပေါင်း (၃) အိတ်နှင့် ဆီ(၅၀) သားဘူး(၂၀၀) ၊ကြက်ဥအလုံးရေ (၆၀၀) လုံးအား အများပြည်သူများသို့ သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။
(Doca ဧရာဝတီ)
