ပန်းတနော် မြိုတွင် ရောင်းချနေသော ဟင်သီးဟင်းရွက်ဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၅.၉.၂၀၂၅ ရက်နေ့က ပန်းတနော်မြို့၊ မြို့မဈေး အခြေခံစားသောက်ကုန်ရောင်းချနေသော ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်ဆီများ၌ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ ကို မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

           ပန်းတနော်မြို့နယ်ဦးစီးမှူး ရုံးမှ ဦးအောင်ကျော်သက်က ပန်းတနော်မြို့မဈေး အတွင်း စားအုန်းဆီရောင်းချနေသောလုပ်ငန်းရှင်များအား စားအုန်းဆီ/ ဟင်းသီးဟင်းရွက် ဆီနှင့်စပ်လျဉ်း၍ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁) ရက် နေ့ထုတ်ပြန်ထားသော ညွှန်ကြားချက်(၁/၂၀၂၁) တွင်ဖော်ပြထားသည့် (ပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်။ ဥပမာ- ဟင်းသီး ဟင်းရွက်ဆီ/ (အဆင့်မြင့် စားအုန်းဆီ)ဟု လည်းကောင်းဖော်ပြပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး၊ ပန်းတနော်မြို့ မြို့မဈေးအတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင် (၃)ဆိုင်တွင် ရောင်းချနေသော စားအုန်းဆီ/ ဟင်းသီးဟင်းရွက်ဆီများအား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကိုက်ညီသည့် ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)