ရုံးချူပ်မှကျင်းပပြုလုပ်သော ကျပန်းစကားပြောပြိင်ပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော ကျပန်းစကားပြောပြိုင်ပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ပါသည်။

          အဆိုပါပြိုင်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ဝန်ထမ်းများမှ သတ်မှတ်ခေါင်းစဉ်များအလိုက် ပြောကြားခြင်း၊ ညွှန်ကြားရေးမှူးချူပ်နှင့်တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်ဝန်ထမ်းနှင့်အတူ စုပေါင်းမှတ်တမ်းတင်ခြင်း၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)