
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ( ၂၇-၉-၂၀၂၅ )ရက်နေ့ ၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းမော်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အသင်းအနေဖြင့် လက်ရှိတွင် စားအုန်းဆီလက်လီ/ လက်ကားကိုယ်စားလှယ်များ သတ်မှတ်အလေးချိန်၊ သတ်မှတ်ဈေးနှုန်း၊ အရည်အသွေးကောင်းမွန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား ဆီစာအုပ်များဖြင့် ၁၀၀% အပြည့်အဝဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ လက်လီအရောင်းဆိုင်များမှတဆင့် အိမ်ထောင်စုအလိုက်ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်နှင့် အကြိမ်အရေအတွက်မှန်ကန်စွာ ရောင်းချနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
