
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၇-၉-၂၀၂၅ )ရက်နေ့၊ နံနက် (၁၂:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်(၂) ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွက် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအပေါ် (၈%)ထက် ပိုမိုရောင်းချခြင်းမရှိဘဲ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံးရောင်းချနိုင်မည့် ဈေးနှုန်းထက်မပိုဘဲ ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
