မြန်အောင်မြို့နယ်စားသောက်ကုန်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၁.၁၀.၂၀၂၅)ရက်နေ့နံနက်(၁၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇေယျသီရီလမ်းရှိ ချစ်ပုံ့ပုံ့ မုန့်လုပ်ငန်းနေအိမ်၌ စားသောက်ကုန် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

   ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာ တွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့် ထားသိုသိမ်း ဆည်းမှု  အညွှန်း၊ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင် ကြိုတင်သတိပေးချက်များအား ပြည့်စုံ စွာဖော်ပြထား သောကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခု ထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)