ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

Powered by Drupal

   ပွင့်လင်းရာသီ အောက်တိုဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်ကျနေသော်လည်း ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

          ခရမ်းချဉ်သီးမျာကို အကြီး၊အသေး မခွဲခြားဘဲ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ပြောကြားခဲ့သည်။ ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပဿာလျှင်(၂၅၀၀) ကျပ်နှင့် ယခုလ ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချည်သီး အလုံးကြီး တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာ လျှင်(၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော စက်တင်ဘာလနောက်ဆုံးအပတ်နှင့် အောက်တိုဘာလ ဒုတိယအပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်ကျရ ခြင်းမှာ ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့်ဝင် ရောက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)