စားအုန်းဆီဈေးနှုန်းအနည်းမြှင့်တက် လျက်ရှိ

Powered by Drupal

    ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာကိုလည်း စိုက်ပျိုးကြပြီး ယခုနှစ် ပြည်နယ်တွင်းထွက်ရှိသည့် ဆီထွက်သီးနှံများကို အခြားဒေသသို့ တင်ပို့နိုင်ခြင်းမရှိဘဲ  ဒေသတွင်း စားသုံးမှုအတွက် အနည်းငယ်သာကြိတ်ခွဲ ထုတ်လုပ်နိုင်ပြီး ဈေးကွက်လိုအပ်လျက်ရှိသော စားသုံး ဆီဖြစ်သည့် ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီများကို အခြားဒေသများမှ တင်သွင်းရောင်းချနေရပြီး စားအုန်းဆီကို ပြည်နယ်အတွင်းရှိ စားသုံးမှုအပြင် အသေးစားစီးပွားရေးလုပ်ငန်းများဖြစ်သည့် အိမ်တွင်း မှုအကြော်နှင့် မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပါသည်။ ယခုအောက်တိုဘာလအတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် စက်တင်ဘာလတွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၅၀၀)ကျပ် ဈေးရှိခဲ့၍ ယခုအောက်တိုဘာလနှင့် ယခင်စက်တင်ဘာလ နှိုင်းယှဉ်လျှင်တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့် အနည်းငယ်မြှင့်တက်လာကြောင်း သီရိမင်္ဂလာဈေးရှိစားသုံးဆီရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)