
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးစပါးဆစ်ပိုးကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ်ပြပွဲကို ၂.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ကျေးရွာများ၌ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများနှင့်အတူ တောင်သူများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က မိုးစပါးများတွင်ကျရောက်တတ်သော စပါးဆစ်ပိုးများမှ ကာကွယ်နှိမ်နင်းရန်အတွက် တောင်သူ များပိုးသတ်ဆေးနည်းစနစ်မှန်ကန်စွာ သုံးစွဲတတ်စေရေးနှင့် မိုးစပါးတွင် ဆစ်ပိုးကျရောက်မှု မရှိစေရေးအတွက် ပိုးသတ်ဆေးကြိုတင်ပက်ဖျန်းခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြခြင်း ကို ရွာတန်းရှည်ကျေးရွာရှိ တောင်သူဦးဟန်ဝင်းအောင်၏လယ်မြေ ကွင်းအမှတ် (၇၆၂)၊ ဦးပိုင်အမှတ် ၃၀/၂ နှင့် ဖြူဘကျေးရွာရှိ တောင်သူ ဦးသန်းထွန်း၏လယ်မြေ ကွင်းအမှတ် (၇၇၂)၊ ဦးပိုင်အမှတ် ၃၀/၃ တို့တွင်ဆောင်ရွက်ခဲ့ရာ ကျေးရွာတစ်ရွာလျှင် တောင်သူ (၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကတွန်ကျေးရွာ၊ ပန်းကုန်းကျေးရွာ၊ သဲဖြူကုန်းကျေးရွာတို့တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
DOCA (မွန်)
