
တနင်္သာရီတိုင်းဒေသကြီးတွင် ငရုတ်သီးများကို ကြိုက်နှစ်သက်သော အစားအစာများ တွင် စားသောက်ကုန်တစ်ခုဖြစ်သော ငရုတ်သီးခြောက်( အရှည်/အပု) တစ်မျိုးလည်း အပါအဝင်ဖြစ်သည်။ ငရုတ်သီးခြောက်ကို ဟင်းအနှစ်ချက်လုပ်၍ ချက်ပြုတ်စားသုံးကြပါ သည်။
ယခင်စက်တင်ဘာလလတွင်ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ် ခန့်ထိရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်ခန့်ထိရှိကြောင်း သိရှိရပါသည်။ ယခုအောက်တိုဘာလပထမပတ်တွင် ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် (၁၅၀၀၀)ကျပ်ခန့်ထိရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်ခန့်ထိ အသီး သီးရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
