ပြည်ဈေးကွက်တွင်ကြက်သွန်ဖြူဈေးမှာ ယခင်အပတ်ကထက် ဈေးလျော့နည်းနေပါသည်။ ယခင် အပတ်က နေ့စဉ်အဝင်ရှိနေခဲ့သည့်အတွက် အဝင်များပြီး အရောင်းအဝယ်အေးနေခြင်းကြောင့် ဈေးလျော့နည်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ)များမှာ ပိဿာ(၃၀)ဝင် ဆံ့သောအိတ် တစ်ပတ်လျှင် ၄၀/၅၀ခန့် အဝင်ရှိပြီး ပိဿာအားဖြင့် ၁၂၀၀-၁၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)မှာ ၁၃-၁၄ ပိဿာဝင်ဆံ့သောအိတ် တစ်ပတ်လျှင် ၂၀၀/၃၀၀အိတ်၊ ပိဿာ အား ဖြင့် ၄၀၀၀ပိဿာဝန်းကျင် အပတ်စဉ် အဝင်ရှိကြောင်း သိရှိရပါသည်။ မြို့နယ်များမှ အမှာရှိလျှင် ရှိသလိုပေးပို့ရပြီး ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ) များမှာ အရွယ်အစား ပေါ်မူတည်၍ လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၅၀၀-၃၈၀၀-၄၂၀၀၊ လက်လီ ဈေးကျပ် ၄၀၀၀-၄၅၀၀၊ ကြက်သွန်ဖြူ(ကြူကုတ်)မှာ တစ်ပိဿာလျှင် လက်ကား(ပွဲရုံဈေး) ကျပ် ၄၀၀၀-၄၂၀၀၊ လက်လီဈေး ကျပ် ၄၂၀၀-၄၃၀၀ဈေးရှိပြီး အရောင်းအဝယ်အေးကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)