ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကို မအူပင်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်  မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၃.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဟောပြောခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူအခွင့်များ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိရန်၊ စားသုံးသောအစားအသောက်ကုန်ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူများနစ်နာမှုရှိပါက မအူပင်ခရိုင်ဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မအူပင်မြို့နယ်အတွင်ရှိ ဆီလုပ်ငန်းရှင်(၁၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ၊ အသိပညာပေးဟောပြောခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များကိုဝေငှခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)