ပန်းတနော်မြို့တွင် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (.၁.၂၀၂၄) ရက်နေ့ နေ့လယ်(၁၀း၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဆီလုပ်ငန်းရှင်များနှင့်  တွေ့ဆုံ၍ အသိပညာပေးခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ စည်ပင်သာယာဈေးကော်မတီရုံးခန်းမတွင် တွေ့ဆုံ၍ ပန်းတနော်မြို့ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့်အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင်မြေပဲဆီ၊ နှမ်းဆီ၊နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့် စားအုန်းဆီ  စသည့် ဖြင့် အမျိုးအမည်ကိုတိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာ ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း နှင့် လုပ်ငန်းရှင်များအနေဖြင့်စားဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဦးစားပေးဆောင်ရွက်စေလိုကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)