သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ဖုန်းဆိုးစုအုပ်စု ၊ ဒန့်ဒလွန်ကွင်းကျေးရွာသို့ ၁၁.၁၀.၂၀၂၂ ရက်နေ့ ၊ နေ့လယ် ၁ : ၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများသည် မိုးစပါး ကောက်စောစပါးများ ရိတ်သိမ်း ခြွေလှေ့နေသော တောင်သူ ဦးကျော်ဝင်းပါ (၃)ဦး၏ လယ်ကွင်းသို့ သွားရောက်မေးမြန်းခဲ့ပါသည်။
ထို့သို့မေးမြန်းရာ လယ်သမားတစ်ဦးလျင် ၃ ဧက ၊ ၅ဧကစီ စိုက်ပျိုးထားကြောင်းနှင့် ရိတ်သိမ်း နေသော စပါးများမှာ မှော်ဘီ ၃ ၊ ရတနာတိုး စပါးအမျိုးအစားများကို ရိတ်သိမ်းကြောင်း ၊ တစ်ဧကလျှင် စပါးတင်း (၈၀)ခန့် ထွက်ရှိပါသည်။ အစိုဓာတ် ၂၆% ရှိပြီး ကွင်းအရောက်ပေါက်ဈေး ၅၀ပေါင်တင်း ၁၀၀လျှင် ၈၈၀၀၀ဝိ-/ ကျပ် ၊ ၄၆ပေါင် တင်း၁၀၀လျှင် ၈၀၉၆၀ဝိ/ကျပ်ဈေး ရရှိပါသည်။ ရိတ်ခြွေစက်ငှားခ တစ်ဧကလျှင် ၈၀၀၀ဝိ-/ကျပ်နှင့် လုပ်သားခ စပါးတင်း ၄၀ တစ်ခေါက်လျှင် လုပ်သားခ ၄၀၀ဝိ-/ကျပ်မှ ၅၀၀ဝိ-/ ကျပ် ပေးရပါသည်။ ရိတ်ခြွေစက်၏ ဆီဂါလံကုန်ကျမှုမှာ တစ်နာရီလျှင် ဆီနှစ်ဂါလံခွဲနှင့် စက်မောင်းပြီး ရိတ်ခြွေရကြောင်း သိရှိရပါသည်။
ကြို့ပင်ကောက်မြို့ပေါ်တွင် ယခင်အပတ် စက်အရောက်ပေါက်ဈေး စပါးအစို ၂၅ % နှင့် ပေါင် ၅၀ တင်း၁၀၀လျှင် ဆယ်သိန်းနှင့် ဝယ်ယူပြီး ယခုအပတ်တွင် စပါးတင်း ပေါင် ၅၀ တင်း၁၀၀လျှင် ကိုးသိန်းခွဲ ဈေးဖြင့်သာ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)