မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်းစိုက်ပျိုးကြပါသည်။၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက (၂၅၁၈)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက (၂၂၉၆)ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ယခင်နှစ်ထက် လျော့နည်းစိုက်ပျိုးရခြင်းမှာ မိုးစပါးများပိုမိုစိုက်ပျိုးသောကြောင့် လျော့နည်းရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။တောင်သူများမှာ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံများကိုလည်းစိုက်ပျိုးကြပါသည် ။ နနွင်းစျေးနှုန်းအနေဖြင့် ယခင် စျေးနှုန်းအနေဖြင့် နနွင်းတက်(အဟောင်း)တစ်ပိဿာလျှင်(၄၃၀၀/-)ကျပ် ၊ နနွင်းခေါင်းတစ်ပိဿာလျှင်(၄၀၀၀/-)ကျပ်နှင့် နနွင်းမှုန့် နို့ဆီဘူးတစ်ဘူးလျှင်(၁၀၀၀/-)ကျပ်ဖြစ်ပြီး ယခုစျေးနှုန်းအနေဖြင့် နနွင်းတက်(အဟောင်း)တစ်ပိဿာလျှင်(၃၅၀၀/-)ကျပ် ၊နနွင်းခေါင်းတစ်ပိဿာလျှင်(၃၀၀၀/-)ကျပ် နှင့် နနွင်းမှုန့် နို့ဆီဘူးတစ်ဘူးလျှင်(၈၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခု အချိန်တွင် နနွင်းစိုက်ခင်းများအောင်မြင်စွာဖြစ်ထွန်းလျှက်ရှိပြီး နနွင်းဖူးများလည်း စတင်ထွက်ရှိ နေပြီဖြစ်ရာ နနွင်းအဖူး(၁၀၀)လျှင် (၃၅၀ဝိ/-)ကျပ်ဈေးရရှိပြီး အခင်းထဲအရောက် လာရောက်ချိုးယူ ဝယ်ယူလျှက်ရှိပါသည်။ လက်လီဈေးနှုန်းအနေဖြင့် နနွင်းဖူး(၅)ဖူးတစ်စီးလျှင် (၂၅ဝိ/-)ကျပ် စျေးနှုန်းဖြင့်ရောင်းချလျှက်ရှိပါသည်။ နနွင်းဖူးများကို လက်သုပ်အနေဖြင့် သုပ်စား၍ရသလို ငပိရည်၊ ငံပြာရည်တို့ဖြင့် တို့၍လည်းစားသုံးကြပါသည်။ နနွင်းဖူးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း အပူကင်းပြီးကျန်းမာရေးနှင့်ညီညွှတ်သော နနွင်းဖူးများကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)