ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

Powered by Drupal

           ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၆၂၄၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီး  ထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၄၉၆၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၁၀၀၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၈၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၆၅၀၊ မုံရွာ ကြက်သွန်နီ (အသစ်)  အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၆၅၀၊ ရှယ်မှာ ကျပ် ၂၀၀၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ်၁၁၅၀၊အကြီးမှာကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမှာ ၉.၁၀.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးနှုန်းတူညီနေပြီး မြင်းခြံနှင့်မုံရွာကြက်သွန်နီဈေးနှုန်းမှာ ၉.၁၀.၂၀၂၅ ရက်နေ့ကထက်ဈေး အနည်း ငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။    

  DOCA (ရန်ကုန်)