
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေးအတွင်းတွင် အာလူးများရောင်း ချလျက်ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးများကို ရှမ်းပြည်နယ်ဘက်မှ ကုန်း လမ်းခရီးဖြင့် အများဆုံးတင်ပို့လျက်ရှိပြီး ယခု အောက်တိုဘာလအတွင်း ဖြစ်ပေါ်နေသော အာလူး ဈေးနှုန်းမှာ အာလူး အလုံး အကြီး/အသေး အရွယ်အစားအပေါ်မူတည်၍ (၁) ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၈၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း အာလူးရောင်းချသူ များထံမှ သိရှိရပါသည်။
DOCA (တနင်္သာရီ)
