ထားဝယ်မြို့ရှိ ပိန်းဥဈေးနှုန်း/ဈေးကွက်

Powered by Drupal

     ရာသီစာဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသထွက် ပိန်းဥကို ထားဝယ်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ထားဝယ်မြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံ ပိန်းဥ စိုက်သူများသည်  အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။  

       ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှုန်းတို့ဖြင့် ထားဝယ်မြို့ပေါ်ရှိ ဈေးများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (တနင်္သာရီ)