
တောင်ငူမြို့ရှိ မြို့မဈေးနှင့် ဈေးလမ်း အနီးရှိ ပွဲရုံများတွင် အာလူးဈေးနှုန်းမြင့်တက်လျက်ရှိပြီး ယခင်လတွင် အာလူး အသေး/ အလတ်/ အကြီးဟူ၍ ၃ မျိုးခွဲပြီးရောင်းချလျက်ရှိရာ အာလူးအသေး ၁ ပိဿာ ၂၃၀၀ ကျပ် ၊ အာလူး အလတ် ၁ ပိဿာ ၃၀၀၀ ကျပ်၊ အာလူး အကြီး ၁ ပိဿာ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်သာရှိသော်လည်း ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် အာလူး အသေး ၁ ပိဿာ ၄၃၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာပြီး အာလူး အလတ် ၁ ပိဿာ ၅၀၀၀ ကျပ် ၊ အာလူး အကြီး ၁ ပိဿာ ၆၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာသော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။
ယခင်လတွင် ငရုပ်သီးခြောက် အပု ၂၅ ကျပ်သား ၄၀၀၀ ကျပ် ၊ ၁ ပိဿာ ၁၅၀၀၀ ကျပ် ၊ ငရုပ်သီးခြောက် အရှည် ၂၅ ကျပ်သား ၃၀၀၀ ကျပ် ၊ ၁ ပိဿာ ၁၁၀၀၀ ကျပ်သာရှိပြီး ယခင်လနှင့် ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိပါကြောင်း၊ အာလူး နှင့် ငရုပ်သီးခြောက် ၅ ပိဿာနှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း လက်ကားဖောက်သည်ယူသည့် အကြော်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသည် လက်လီရောင်းချသည့် ဈေးနှုန်းထက် ၅၀၀ ကျပ်သာ ကွာကြောင်း ရောင်းချသည့် ပွဲရုံများမှ သတင်းရရှိပါသည်။
DOCA(ပဲခူး)
