
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ ကုန်စိမ်းသီးနှံ ဈေးကွက်တွင် မင်းဘူး၊ မကွေး၊ သရက်၊ တောင်တွင်းကြီးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ တို့မှထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီး (၁) ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၂၅၀၀-၃၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၂၄၀၀-၂၈၀၀)ဖြင့် ရောင်းချ လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၁၀၀-၂၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်း များထွက်ရှိလာသည့်အတွက် ဈေးကွက်အတွင်းခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)
