မြို့မဈေး၌ အာလူးဈေးနှုန်းမြင့်တက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ ကျောက်ပန်းတောင်းမြို့နှင့် ရှမ်း ပြည်နယ်၊ အောင်ပန်း‌မြို့ တို့မှထွက်ရှိသော အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေး နှင့် အရည်အသွေးလိုက်၍) ကျပ်(၆၀၀၀-၆၅၀၀-၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင် စက်တင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀-၆၀၀၀)ဖြင့် ရောင်းချ လျက်ရှိရာ  ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူး(၁)ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းအာလူး ထွက်ရှိမှုမရှိသေးဘဲ ရှမ်းပြည်နယ် အောင်ပန်းမြို့မှ မှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်မြင့်မားလာ၍ အာလူးဈေးနှုန်းမှာ မြင့် တက်လာခြင်းဖြစ်ကြောင်း  သိရှိရသည်။

DOCA(မကွေး)