
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ် သူများနှင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသထွက်သီးနှံများအပြင် သင်္ဘောသီး၊ ရုံးပတီသီး၊ ဘူးသီး၊ ခဝဲသီး၊ ကျောက်ဖရုံသီး၊ သခွားသီးနှင့် ဂေါ်ရခါးသီးများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းအဝယ် ဖြစ်သည့် ဂေါ်ရခါးသီးဈေးနှုန်းများမှာ အလုံးကြီး(၁)လုံးလျှင်(၆၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။
DOCA (စစ်ကိုင်း)
