ဒေသထွက် ငရုတ်သီးစိမ်းများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေး၌ ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်လီ(၁) ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်က္ကား(၁)ပိဿာလျှင် (၂၈၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင်(၁၄၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဒုတိယပတ်အတွင်း ဈေးနှုန်းများနှင့်နှိုင်း ယှဉ်ပါက ယခုပတ်အတွင်း ငရုတ်သီးစိမ်း(၁)ပိဿာလျှင် (၂၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလာရောက်ရောင်းချ ကြောင်းသိရသည်။

DOCA (စစ်ကိုင်း)