အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

‌       အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၆.၁၀.၂၀၂၂)နှင့် ယခု အပတ် (၁၂.၁၀.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၅၅၀၀ဝိ/-) ယခုအပတ်(၂၅၅၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းနီ ယခင်အပတ် (၂၄၀၀၀ဝိ/-)ယခုအပတ် (၂၄၅၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်၊ နှမ်းနက်(စမုံ) ယခင်အပတ် (၂၈၅၀၀ဝိ/-) ယခုအပတ် (၂၉၅၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းပြာယခင်အပတ်(၂၃၅၀၀ဝိ/-) ယခုအပတ် (၂၄၅၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ /-)  အသီးသီးဈေးနှုန်းမြင့်ခဲ့ကြောင်း သိရှိရပါသည်။

       ပဲမျိုးစုံစျေးကွက်တွင် ပဲတီစိမ်း (၂၀)ပိဿာတစ်တင်းလျှင်  ယခင်အပတ်(၄၈၀၀ဝိ/-) ယခုအပတ် (၄၈၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ကုလားပဲ(HL) ယခင်အပတ်(၆၁၀၀ဝိ/-) ယခုအပတ် (၆၂၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်၊ ၊ကုလားပဲ(မြကြေး) ယခင်အပတ်(၆၁၀၀ဝိ/-) ယခုအပတ် (၆၂၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်၊  ပဲစဉ်းငုံနီ ယခင်အပတ်(၆၂၀၀ဝိ/-) ယခု အပတ်(၆၀၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးလျော့၊ ပဲကြီး ယခင်အပတ်(၇၈၀၀ဝိ/-) ယခုအပတ် (၇၅၀၀ဝိ/-) ဖြစ်၍ (၃၀၀ဝိ/-)ဈေးလျော့၊ မတ်ပဲ ယခင်အပတ်(၅၉၀၀ဝိ/-) ယခုအပတ် (၅၈၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ယခင်အပတ် (၅၃၀ဝိ/-) ယခုအပတ် (၅၄၀ဝိ/-) ဖြစ်၍ (၁၀ဝိ/-)ဈေးမြင့်၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၅၄၀ဝိ/-) ယခုအပတ် (၅၅၀ဝိ/-) ဖြစ်၍ (၁၀ဝိ/-) ဈေးမြင့်၊ မြေပဲတောင့်(စို)တစ်တင်း ယခင်အပတ် (၁၈၀၀ဝိ/-) ယခုအပတ် (၂၂၀၀ဝိ/-) ဖြစ်၍ (၄၀၀ဝိ/-)ဈေးမြင့်ပြီး  အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက် (စမုံ) (၅၈၀)အိတ်၊ နှမ်းပြာ(၁၆၀)အိတ်၊ နှမ်းဖြူ(၇၀)အိတ်၊ နှမ်းနီ (၉၀)အိတ်၊ ပဲတီစိမ်း(၈၀)အိတ်၊ ပဲစဉ်းငုံနီ(၁၂၀)အိတ်၊ မတ်ပဲ(၉၀)အိတ်၊ ကုလားပဲ(HL) (၁၃၀)အိတ်၊ ကုလားပဲ (မြကြေး) (၈၀)အိတ်၊ ပဲကြီး(၂၂၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ)(၂၃၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၁၁၀)အိတ် နှင့်မြေပဲတောင့်(အစို)(၃၆၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)