မွန်ပြည်နယ်၏ ကျွဲကောသီးဈေးနှုန်းများ

Powered by Drupal

      မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပြီး စိုက်ဧက စုစုပေါင်း (၂၈၃၁) ဧကရှိရာ ၂၀၂၁ နှစ်ကုန်အထိ ကျွဲကောသီးအလုံးရေပေါင်း (၁၁၂၅၇၄၉၅)လုံး ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းအရ သိရှိရပါသည်။ ယခု စက်တင်ဘာ၊ အောက်တိုဘာလများတွင် မွန်ပြည်နယ်အတွင်း ကျွဲကောသီးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ကျွဲကောသီးအများဆုံး ထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ဈေးနှုန်းများမှာ ကျွဲကောသီး (ပန်းရောင်)အလုံးကြီး (၂၅၀၀-၂၀၀၀)ကျပ်၊ အလုံးလတ် (၁၅၀၀-၁၀၀၀)ကျပ်၊ အလုံးသေး (၁၀၀၀-၇၀၀)ကျပ်၊ ကျွဲကောသီး (အဖြူ) အလုံးကြီး (၁၅၀၀-၁၀၀၀)ကျပ်၊ အလုံးလတ် (၈၀၀-၆၀၀)ကျပ်၊ အလုံးသေး (၆၀၀-၅၀၀)ကျပ် ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ ကျွဲကောသီးများကို မော်လမြိုင်-ရန်ကုန် ကားလမ်းဘေး ဝဲ/ယာ ဆိုင်များနှင့် ရန်ကုန် ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မွန်)