“သိမ်ဖြူဈေးတွင် ဖြစ်ပေါ်နေသောကြက်သွန်ဖြူ/နီ လက်ကားဈေး”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကား ပြန်လည်ရောင်းချလျက်ရှိရာ (၆.၁၀.၂၀၂၂) မှ (၁၂.၁၀.၂၀၂၂) ရက်အထိ ကြက်သွန်နီ (ဆိပ်ဖြူ)အဝင် (၃၆၂၅၀)ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၁၂၇၇၀)ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် (၂၇၀၀)ကျပ်မှ (၃၁၀၀)ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် (၃၆၀၀)ကျပ်မှ (၃၈၀၀)ကျပ်ထိရှိပြီး တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA(ရန်ကုန်)