သီတင်းကျွတ်ကာလအခြေခံစားသောက်ကုန်ဈေးနှုန်း

Powered by Drupal

              အရှေ့ပိုင်းခရိုင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများသည် မြို့နယ်အလိုက်ဈေးနှုန်းများမတူညီသော်လည်း သီတင်းကျွတ်ကာလနယ်ဝင်ကားများ ဝင်ရောက်မှုနည်းပါးကြောင်း သိရှိရပါသည်။

          အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် အရှေ့ပိုင်းခရိုင်အတွင်းဈေးများရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းများကိုစုံစမ်းစစ်ဆေးရာတွင် ၁၂.၁၀.၂၀၂၂ ရက်နေ့ရှိ ဈေးနှုန်းစုံစမ်းကောက်ယူရရှိမှုအရ ပုဇွန်တောင်မြို့နယ်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် (၆၇၀၀၀) ကျပ်၊ ဧည့်မထဆန်တစ်အိတ်(၄၇၅၀၀) ကျပ်၊ ငစိန်ဆန်တစ်အိတ် (၄၀၅၀၀) ကျပ်၊ စားအုန်းဆီ ၁ ပိဿာ (၄၅၀၀) ကျပ်၊ ပဲဆီသန့် ၁ ပိဿာ (၁၃၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ (၃၁၀၀/၃၈၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ ပိဿာ (၅၀၀၀) ကျပ်၊ အာလူး ၁ ပိဿာ (၂၂၀၀/၂၅၀၀)ကျပ်၊ ဂျင်း ၁ ပိဿာ (၂၅၀၀/၃၀၀၀) ကျပ်၊ ကုလားပဲ(ပဲခြမ်း) ၁ ပိဿာ (၄၈၀၀) ကျပ်၊ ပဲနီလေး ၁ ပိဿာ (၇၈၀၀) ကျပ်၊ ပဲဝါလေး ၁ ပိဿာ (၄၅၀၀) ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ (၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် (၂၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ (၁၀၀၀) ကျပ်၊ ဘဲဥ ၁၀ လုံး(၂၅၀၀) ကျပ်၊ ကြက်ဥ ၁၀ လုံး(၂၃၀၀) ကျပ် တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ နယ်ကားအဝင်နည်းသော်လည်း ဈေးကွက်အတွင်းကုန်ပစ္စည်းပြတ်လပ်မှု မရှိဘဲ ဈေးနှုန်းအနည်းငယ်မျှသာပြောင်းလဲမှုရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)