တနင်္သာရီတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးတည်ငြိမ်

Powered by Drupal

           တနင်္သာရီတိုင်းဒေသကြီးအတွင်း အောက်တိုဘာလတွင် ဓါတ်မြေသြဇာ စျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်း များမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင်  ကျပ် ၁၁၈၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၀ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၆၀၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၃၆၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၉၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၅၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။

          အောက်တိုဘာလ တတိယအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ ဆင်နီ (ထိုင်း) ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၁၁၅၀၀၊ apache တံဆိပ် ကျပ် ၁၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါ သည်။

          ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)