နှမ်းစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     ကယားပြည်နယ်သည် ဆီထွက်သီးနှံအဖြစ် နှမ်းသီးနှံကို အဓိကစိုက်ပျိုးသော ဒေသဖြစ်ပါတယ်။ ကယားပြည်နယ်တွင် နှမ်းကို လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် အဓိကစိုက်ပျိုး ကြပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်း(မိုး)ကို လွိုင်ကော်ခရိုင်၌ စိုက်ဧက (၃၆၇၈) ဧကခန့်စိုက်ပျိုးခဲ့ပါကြောင်းနှင့် ဘောလခဲခရိုင်တွင်စိုက်ဧက (၁၉၇၁၉) ဧကစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါတယ်။

        ကယားပြည်နယ်သည် (စက်တင်ဘာ၊ အောက်တိုဘာလ)အတွင်း နှမ်း(မိုး)ထွက်ရှိ သောအချိန်ကာလဖြစ်ပါကြောင်းနှင့် ထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့သို့အဓိက တင်ပို့လျက်ရှိပါတယ်။ ပြည်နယ်အတွင်းဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများမှာ ယခင်အပတ် နှမ်း( စမုံနက်)တစ်ပိဿာလျှင် ၇၂၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်သော်လည်း ယခုအပတ်တွင် နှမ်း(စမုံနက်) တစ်ပိဿာလျှင် ၅၅၀၀ ကျပ်အထိ ကျဆင်းလာခြင်းကြောင့် ယခုအခါပြည်နယ်အတွင်း နှမ်းအရောင်းအဝယ် အေးလျက် ရှိပါတယ်။ ယခင် စက်တင်ဘာလ အတွင်း ကယားပြည်နယ်မှ မန္တလေးမြို့သို့ နှမ်းတင်ပို့မှုမှာ(၂၀၉)တန် ခန့်ရှိပါကြောင်းနှင့် အောက်တိုဘာလ ယခုအပတ်အထိ ကယားပြည်နယ်မှ မန္တလေးမြို့သို့ နှမ်းတင်ပို့မှုမှာ(၇၈)တန်ခန့် တင်ပို့လျှက်ရှိပါကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)