အစေ့ထုတ်ပြောင်းစျေးအနည်းငယ်ကျဆင်း

Powered by Drupal

            ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း ၄၉.၅၅တင်း၊အထွက်တင်းစုစုပေါင်း၆၆၀၅၉၁တင်းဖြစ်ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ် သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့် ပြောင်းဖူးစေ့(စီပီ) ၇၁၀၀၀ကျပ်နှင့်၇၃၀၀၀ ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ) ၁၃၁၅ ကျပ် နှင့် ၁၃၅၂ ကျပ်စျေး တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)နှင့်(စီပီ) ၁၃၇၀ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၁၃၁၅ကျပ်နှင့် ၁၃၃၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်စျေးနှင့် ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)