ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၁၂) ရက်နေ့မှ အောက်တိုဘာလ (၁၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၈၀၀ ၊ ဟင်္သာတ မှ ကန်စွန်းဥ တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀၊ အလုံးလတ် ကျပ် ၉၀၀၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၅၀၀၊ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ ချောင်းဦး မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ ၊ ချောင်းဦး မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၂၅၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၀၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး (အနီ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် ၂၀ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးသေး ၂၄ လုံးပါ ကျပ် ၁၂၀၀၀၊ ၃၀ လုံးပါ ကျပ် ၁၀၀၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၅၀၀ ၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ၂၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)