ဈေးနှုန်းကျဆင်းလာသည့် စားအုန်းဆီ

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီအဓိကတင်သွင်းသည့် အင်နိုနီးရှားနှင့်မလေးရှားနိုင်ငံတို့၏ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ၊ ဘဏ်စရိတ်နှင့် အခွန်အခများကိုပါ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း၌ရောင်းဝယ် ဖောက်ကားရမည့် အခြေခံရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးလျှက်ရှိရာ (၂၅-၉-၂၀၂၂) ရက်နေ့အထိ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၆၉၀)ကျပ်ဖြစ်ပြီး (၁၆-၁၀-၂၀၂၂) ရက် နေ့အထိရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၈၈၀)ကျပ်ဖြစ်ရာ စားအုန်းဆီဈေးနှုန်း ကျဆင်းလာသည်ကို တွေ့ရပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြင်ပဈေးကွက်တွင်လည်း အောက်တိုဘာလဆန်းက စားအုန်းဆီဈေးနှုန်းများမှာ မုံရွာခရိုင်ပေါက်ဈေး ၇၅၀၀ ကျပ်၊ ကသာခရိုင်တွင် ၁၀၀၀၀ ကျပ်၊ ကလေးခရိုင်တွင် ၉၀၀၀ ကျပ်၊ ရွှေဘိုခရိုင်တွင် ၈၅၀၀ ကျပ်၊ ကန့်ဘလူခရိုင်တွင် ၈၃၀၀ ကျပ်၊ စစ်ကိုင်းခရိုင်တွင် ၈၅၀၀ ကျပ်၊ ယင်းမာပင်ခရိုင်တွင် ၉၃၀၀ ကျပ်ဈေးနှုန်း ဖြစ်ပေါ်ခဲ့ရာမှ (၁၇-၁၀-၂၀၂၂)ရက်နေ့တွင် မုံရွာခရိုင်ပေါက်ဈေး ၆၅၀၀ ကျပ်၊ ကသာခရိုင်တွင်  ၉၀၀၀ ကျပ်၊ ကလေးခရိုင်တွင် ၈၅၀၀ ကျပ်၊ ရွှေဘိုခရိုင်တွင် ၆၄၀၀ ကျပ်၊ ကန့်ဘလူခရိုင်တွင် ၆၈၀၀ ကျပ်၊ စစ်ကိုင်းခရိုင်တွင် ၆၆၀၀ ကျပ်၊ ယင်းမာပင်ခရိုင်တွင် ၈၃၀၀ ကျပ်ဈေးနှုန်းဖြစ်ရာ တစ်ပိဿာ လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ကျပ် ထိ ဈေးနှုန်းတဖြည်းဖြည်း ကျဆင်းလာနေကြောင်း တွေ့ရပါ သည်။

          ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ဒေါ်လာဈေး တည်ငြိမ်လာခြင်း၊ စားအုန်းဆီ ထုတ်လုပ် ရာတွင် ကုန်ကြမ်းပစ္စည်း ဆီအုန်းမှာလည်း ရာသီပေါ်ချိန်ရောက်နေခြင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) မှစ၍ စားအုန်းဆီတင်သွင်းမှုကို ပမာဏလျော့ချတင်သွင်းစေခဲ့ရာမှ  ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ စားအုန်းဆီတင်သွင်းမှုအား  တန်ချိန် ၃၀၀၀၀ မှ ၆၀၀၀၀ အထိ ပြန်လည် တိုးမြှင့်တင်သွင်းစေခဲ့ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တိုင်း/ ပြည်နယ်များရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းများအား ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကား ဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍   ၂ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဈေးကားများဖြင့် ရောင်းချခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်း တဖြည်းဖြည်း ကျဆင်းလာကြောင်း သိရှိရပြီး စားအုန်းဆီ ဈေးနှုန်းကျဆင်းလာခြင်း နှင့်အတူ ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများလည်း ဈေးနှုန်းတဖြည်းဖြည်းကျဆင်း လာနေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)