
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်သည် စပါး၊ပဲ၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည့်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး လယ်ယာထွက်သီးနှံများအပြင် ဥယျာဉ်ခြံ သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပါသည်။ ဥယျာဉ်ခြံသီးနှံများမှာ သရက်၊မာလကာ၊ သံပုရာနှင့်နဂါးမောက်သီးကိုအဓိကထားစိုက်ပျိုးကြပါသည်။ နဂါးမောက်သီးကို တောင်နောက် ကျေးရွာနှင့်သင်တောင်းကျေးရွာများတွင် စိုက်ပျိုးကြပါသည်။နဂါးမောက်သီးကို အဖြူသီးနှင့်အနီသီး ဟူ၍(၂)မျိုးရှိပြီး အဖြူသီးမှာလူကြိုက်များကြောင်း၊ကျောက်ဆည်နယ်မှထွက်သော နဂါးမောက်သီး ကိုကျောက်ဆည်မြို့ရှိ မြို့မစျေး၊အေးမြကြည်လင်စျေးနှင့်သစ်သီးဆိုင်များသို့တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ အောက်တိုဘာလ ပထမပတ်တွင် နဂါးမောက်သီးစျေးနှုန်းမှာ တစ်လုံးလျှင်(၁၅၀၀-၂၀၀၀) ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး အောက်တိုဘာလ တတိယပတ်တွင်နဂါးမောက်သီးစျေးနှုန်းမှာ တစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ်စျေးနှုန်းများဖြင့် အလုံးအကြီး၊အသေးပေါ်မူတည်၍ စျေးနှုန်းကွာခြားကြောင်း ၊ စျေးကွက်အတွင်း နဂါးမောက်သီး အဝင်များလာသည့်အတွက် စျေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း ကျောက်ဆည် မြို့ရှိသစ်သီးရောင်းချသည့်ဆိုင်များမှသိရှိရပါသည်။
DOCA (မန္တလေး)
